လူသည် အာဟာရပြည့်ဝဖို့ အစားအသောက်ကို နေ့စဉ်စားရ၏ အသိဥာဏ် ပြည့်ဝဖို့ နေ့စဉ် စာဖတ်ရ၏ အားလုံးဟာ ပြည့်စုံတဲ့ အရာတစ်ခု မဟုတ်ရင်တောင်မှ အောင်မြင်ကြီးပွားလိုတဲ့ သူအတွက်တော့ အထောက်အကူပြုမှာ မလွဲပါဘူး. တကယ်စာဖတ်တဲ့သူဟာ အသိဥာဏ်ပြည့်ဝသွားမယ် စိတ်ဓာတ်ခွန်အား ရင့်ကျက်လာမယ် အချိန်က တန်ဖိုးရှိလို့ လောကဓံကို ရင်ဆိုင်နိုင်မယ့် စာတွေကိုပဲ ရွေးဖတ်သင့်ပါတယ် ခွန်အားရှိဖို့ အစားစားရမယ်ဆိုရင် အသိဥာဏ်ရှိဖို့ စာဖတ်ပါ

Sunday, 19 August 2012

ဆရာသ္မားများမိန့်သောကွက်လပ်များ

ငယ်စဉ်က စာဝါချရင်း ဆရာသမား နှုတ်တိုက်ချပေးခဲ့သော သြ၀ါဒလင်္ကာလေးကို အမှတ်ရမိသည်။ဘ၀မှာဆရာသမားများသည်အရေးပါသောအခန်းကဏ္ဍမှပါဝင်ကျေးဇူးပြုခဲ့သည်ဟုယုံကြည်မိသည်။ယထာဘူတံဉာဏာယသတ္ထာပရိယေသိတဗ္ဗောအမှန်တရားကိုသိဖို့အတွက်(၀ါ)ယဉ်ကျေးလိမ္မာသောသူတော်ကောင်းများဖြစ်ဖို့အတွက်ဆရာသမားကိုရှာမှီးဆည်းကပ်ရမည်ဟုဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ဆရာမမှီး၊ဒို့ခရီးသည်၊မီးဆိုမှမီး-ဟု ဆိုရလောက်အောင် အမှန်တရားကို လမ်းညွှန်ပြသပေးမည့် ဆရာသမားကို မရှာမှီးဘဲ (၀ါ) ဆရာ ရှာရမည့်အရေးမှာ ဖင့်နှေးပျင်းရိကြလျက် ငါ့မြင်း ငါဆိုင်း၊ စစ်ကိုင်းရောက်ရောက်-ဆိုပြီး.........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်

သိမ်အကြောင်းကိုတစိပ်တဒေသ နားလည်အောင်သိထားသင့်သည်၊ သိမ်ဆိုသည်မှာ ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။.......

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်

စည်းမျဉ်း၊စည်းကမ်းတွေကိုပါဠိလိုဝိနယလို့ခေါ်ပါတယ်။ဝိနယကိုမြန်မာမှုပြုထားတာက၀ိနည်းတဲ့။စည်းမျဉ်းစည်းကမ်းတွေကိုတစ်စုတစ်ဝေးတည်းပေါင်းစုထားတာကိုတော့ဝိနယပိဋကလို့ခေါ်ပါတယ်။ခေတ်စကားနဲ့ပြောရရင်တော့ဥပဒေပေါင်းချုပ်ပေါ့။

(၀ိနယပိဋက)ဥပဒေပေါင်းချုပ်စာအုပ်ငါးအုပ်ရှိတယ်။ငါးအုပ်ထဲကမဟာဝါစာအုပ်ကိုပထမဆုံး လေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။မဟာဝါစာအုပ်မှာ အခန်း (Section) ၁၀ ခုရှိတယ်.........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Friday, 3 August 2012

အချိန်ကိုအသုံးချတတ်ပါစေ

လူသားတို့သည်တစ်ဦးနှင့်တစ်ဦးဘ၀အဆင့်အတန်းချင်းမတူ။ပညာအဆင့်အတန်းချင်းမတူ၊အသိုင်းအ၀ိုင်းချင်းမတူ။သြဇာအာဏာချင်းမတူ။သို့တစေသဘာဝတရားကလူသားတိုင်းအားတူညီသောအခွင့်အရေးတစ်ခုကိုမူပေးထားပါ၏။ယင်းအခွင့်အရေးကား၊လူသားတိုင်းတစ်နေ့လျှင်၂၄နာရီဟူသောအချိန်ကိုညီတူညီမျှရရှိပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။တစ်ရက်လျင်၂၄နာရီထက်ပို၍မည်သူမျှမပိုင်ဆိုင်၊လျော့၍လည်းမပိုင်ဆိုင်။......

ဆက်လက်ဖတ်ရှုနိုင်ပါသည်

စိတ်ညစ်ရင်ရေချိုးပါ(၂)

ကျောင်းသားတစ်ယောက်ဟာစာမကျက်ခင်ရေချိုးထားရင်စိတ်ကောရုပ်ကောကြည်လင် နေတဲ့အတွက်စာကျက်လို့လည်းပိုကောင်းနေပါလိမ့်မယ်။ကိုယ်ကဓိသဘောလေးတွေအာရုံပြုပြီးကိုယ်တွင်းကိုယ်ပနှစ်ဌာနကိုသန့်ရှင်းနေအောင်မကြာခဏလုပ်ပေးနေရပါမယ်။စိတ်ချမ်းသာနေရင်တရားအလုပ်ပဲလုပ်လုပ်၊စီးပွားရေးပဲလုပ်လုပ်၊စာပဲကျက်ကျက် ၊ဘာပဲလုပ်လုပ်၊အဆင်ပြေနေပါလိမ့်မယ်။...........

ဆက်လက်ဖတ်ရှုနိုင်ပါသည်

စိတ်ညစ်ရင်ရေချိုးပါ(၁)

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ရှိပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွား ရမှာပါ။ အဲ့ဒီတောအုပ် ထဲမှာ သူခိုးတွေလည်း ရှိနေပါတယ်။ဓားပြသူခိုးတွေရဲ့လုပ်ထုံးအစဉ်အလာတစ်ခုကသားအဖနှစ်ယောက်လာရင်သားကိုဖမ်းပြီးအဖေလုပ်သူကိုအိမ်ငွေပြန်ယူစေပါတယ်။ဆရာတပည့်လာရင်လည်းဆရာကိုဖမ်းပြီးတပည့်ကိုအိမ်ငွေပြန်ယူစေပါတယ်.............

ဆက်လက်ဖတ်ရှုနိုင်ပါသည်

Thursday, 2 August 2012

သည်းခံခြင်း

အမေရိကန်လူမျိုးများသည်ရေးကြီးသုတ်ပြာနိုင်ကြပါသည်. . . အခြားနိုင်ငံသားများက ရေးကြီသုတ်ပြာ နိုင်မှုကို အမေရိကန်လူမျိုးတို့၏ ထူးခြား လက္ခဏာ တစ်ခုအဖြစ် သဘောထားကြပါသည်. အခြားနိုင်ငံသားများကမြင်သောအမြင်မှာမှန်ကန်ပါသည်. .အမေရိကန်တို့သည် အောင်ပန်းဆင်နိုင်ဖို့အတွက် သွက်လက်စွာ လှုပ်ရှားကြပါသည်. . . ထိုအချက်သည်. ........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Sunday, 29 July 2012

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်သင့်တယ် ဒါပေမဲ့

မေတ္တာရှင် - သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -
မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။အဲဒီနှစ်ချက်ကိုထောက်ကြည့်ရင်မြန်မာတွေဟာကမ္ဘာမှာအချမ်းသာဆုံးဖြစ်သင့်တယ်။ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ........

လူတိုင်းကိုယ့်ထက်တော်သူဟုသဘောထားပါ

ဤနည်းကို လေ့ကျင့်ဆောင်ရွက်ရလျှင် ကိုယ်လုံးဝလက်မခံနိုင်သော နည်းဖြစ် ကောင်းဖြစ်နိုင်သည်. . . သို့သော် ကြိုးစားစမ်းသပ်ကြည့်မည် ဆိုပါလျှင် တစ်ကိုယ်ရေ တိုးတက်မှုအတွက် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပါသည်. . မိမိသိသမျှ ၊ တွေ့သမျှ လူတို့ကို ကိုယ့်ထက် ဥာဉ်ပညာတော်သူဟူ၍ သဘောထားရန်ဖြစ်ပါသည်. . ကိုယ်တွေ့သမျှ လူတိုင်းသည် ကိုယ့်ကို တစ်စုံတစ်ရာ ပညာပေးမည့် သူများဟု သဘောထားရန်ဖြစ်ပါသည်............

ဆက်လက်ဖတ်ရှု့နိုင်သည်

Saturday, 28 July 2012

ကူညီိစောင်မပါ အတုံ့အပြန်မမျှော်လင့်ပါနဲ့

ဤနည်းလမ်းမှာ စာဖတ်သူများအား မိမိဘ၀တွင် ၀န်ဆောင်မှုနှင့်ရောစပ်ရန်အတွက် အထောက်အကူ ဖြစ်လိမ့်မည်. . . ဤနည်းလမ်းကို ကျင့်သုံးပါက. . . တစ်စုံတစ်ယောက်သောသူအတွက် အတုံ့အပြန် မမျှော်ကိုးဘဲ ကူညီလိုက်ရလျှင် မည်မျှ လွယ်ကူ၍ မည်သို့သော စိတ်ချမ်းသာမှု ရရှိနိုင်ကြောင်း သိရပေလိမ့်မည်။
မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့သည် သိသိသာသာ အားဖြင့်သော်လည်းကောင်း၊ မသိမသာအားဖြင့်သော် လည်းကောင်း အခြားသူတို့အတွက်..............

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

သုမေဓာ နှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူနေပုံ။

ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညဉ်ရ၍ ကောင်းကင် ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတော်မူရန် "ရမ္မာ"မြို့သူမြို့သားတို့ လမ်းပြင်နေကြ သည်ကို မြင်ရ၍ ကောင်းကင်မှ ဆင်းသက်ကာ နေရာတစ်ကွက်ကို တောင်းယူ ပြင်ဆင် နေတုန်းမှာပင် ရဟန္တာများနှင့် အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့်ပြင်၍...........

ဆက်လက်ဖတ်ရှုနိုင်သည်

Sunday, 22 July 2012

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်… အချက်(၂၀)

1.ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2.ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3.ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4.ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
5.ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊

ဆက်လက်ဖက်ရှု့နိုင်ပါသည်

Saturday, 21 July 2012

အဲ၊ သြ၊ အော၊ အို၊-အဲမောင်းရေး မှ အိုင်ကြီး ၁၈-အိုင် အဲမောင်းရေး ၃၇-မျိုး။

ကမ္ဘာပေါ်ရှိ ဧရိယာစတုရန်းမိုင်ပေါင်း (၃၈၀၀)ကျော် မိုင်အထက်ရှိသေ အိုင်ကြီးများs (Large Lakes) ကိုသာဖေါ်ပြရေတွက်ခြင်းပြုထားသည်။
(၁) ကတ်စပီယန်အိုင်ကြီး (မြေထဲပင်လယ်) (Capian Sea) အာရှတိုက်နှင့် ဥရောပတိုက်တို့၏အကြား၌ တည်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၅၂ ၂၃၉)နှင့် အလျား (၇၄၅) မိုင်ရှိသည်။ ၎င်းင်း၏ရေအနက်ဆုံးသောနေရာမှာ (၃ ၁၀၄)ပေရှိ၍ ပင်လယ်ရေပြင်အောက် (၉၆) ပေရှိသည်။
(၂) ဆူပီးရီးယား အိုင်(Superior) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ တို့၏အကြား၌တည်ရှိ၏၊ ဧရိယာစတုရန်းမိုင်ပေါင်း (၃၁ ၈၂၀) နှင့် အလျား (၃၈၃) မိုင်ရှိသည်၊၎င်းင်း၏ ရေအနက်ဆုံးနေရာမှာ (၁ ၃၃၃) ပေရှိလျက် ပင်လယ်ရေပြင်အထက် ပေပေါင်း (၆၀၂)ပေမြင့်သည်။

ဆက်လက်ဖတ်ရှု့နိုင်သည်

Grey hair ဆံပင်ဖြူတာ

ကျွန်တော်တို့က ဆံပင်ကိုဖြူတယ် ပြောကြပေမဲ့ အင်္ဂလိပ်လိုကြ Gray/Grey လို့ သုံးတယ်။ တကယ်ကို ဖြူဖွေးနေတာကို White or Silver အဖြူရောင်၊ ငွေရောင်လို့ သုံးတယ်။ (ကာလာ-သီအိုရီ) အရပြောရင် မီးခိုးရောင် ဟာ မျက်စိကို အေးစေ၊ နွေးစေပါတယ်။ ဆံပင်ဖြူလာတာဟာ အသက်ရလာတာရဲ့ ပဌမလက္ခဏာလို့ ပြောနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ ဖြူကြတယ်။ ဘာလို့ ဖြူရသလဲ။ ဆံပင်အခြေကထွက်တဲ့ Melanin (Eumelanin and Pheomelanin) ဆိုးဆေးထွက်တာ ရပ်သွားလို့ပါ။ ဘာလို့ ဒီအကောင်က မထွက်ရတော့တာလဲ။ စိတ်ဖိစီးတာ၊ အာဟာရ နည်းတာတွေကို လက်ညှိုးထိုးနိုင်တယ်.........

ဆက်လက်ဖတ်ရှု့နိုင်သည်

ထေရ၀ါဒသာသနာရခိုင်တွင်ထွန်းကားလာပုံ(၂)

ဆရာတော်အသျှင်ဉာဏိဿရ၏မိန်းခွန်းများအပေါ် ဆရာကြီးဦးဦးသာထွန်း (ရခိုင်မြန်မာပဏ္ဍိတ) မှ ဖြေကြားချက်များအနက် မိန်းခွန်းနံပါတ် (၁၉) ၏ ဖြေကြားရှင်းလင်းချက်ကို ၁၉၉၆ ခုနှစ် ထုတ်ဝေသော ရခိုင်သဟာယအသင်း မဂ္ဂဇင်းအမှတ် (၃) တွင်ေ၇းသားဖော်ပြပြီးဖြစ်ပါသည်။ ယခုဆရာတော်၏ မေးမြန်းခဲ့သော ကျန်မိန်းခွန်း (၅) ခုအပေါ် ဆရာကြီး၏ဖြေကြားရှင်းလင်းချက်များကို အပြည့်အစုံ ဖော်ပြရေးသားလိုက်ပါသည်။

ဆက်လက်ဖတ်ရှု့နိုင်သည်

ဗုဒ္ဓသာသနာကို မည်သူစောင့်သနည်း

ထေရ၀ါဒဗုဒ္ဒသာသနာကို အရှည်ခံအောင်၊ တည်တံအောင်၊ ပြန့်ပွားအောင် မည်သူ စောင့်ရှောက်ကြသနည်း။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ငယ်စဉ်ထဲကကြားခဲ့ရသော ဘုရားသာသနာ ၂၅၀၀၊ သိကြားသာသနာ ၂၅၀၀ အမှန်ပါလား?။ သူရဿီမယ်တော်က ပိဋကတ် ၃ ပုံစောင့်သည် ဟူသော အရပ်စကားများကြားခဲ့ရပါသည်။ တကယ်တန်း ဗုဒ္ဒ မြတ်စွာဘုရား၏ တရားတော်များကို လေ့လာခဲ့သည့် အခါကြမှ အရပ်ထဲက ပြောသော အမှားများကို သိလာရပါသည်။ အမှန်မှာ ဗုဒ္ဒမြတ်စွာဘုရား၏ သာသနာကို သိကြားမင်း လည်းမစောင့်ရှောက်နိုင်ပါ၊ သူရဿီမယ်တော်လည်းမဟုတ်ပါ ရဟန်းသံဃာများသာ ဖြစ်သည်။ ရဟန်းတော်များသည် သာသနာတော်တည်တံ ခိုင်မာစေရန် ခေတ် အဆက်ဆက် အဓမ္မ၀ါဒီများ၊ တန္တရ၀ါဒများ၊ နတ်ကိုးကွယ်မှုများကို ရှင်းလင်းခဲ့ကြသည်။ ထိုသို့ သာသနာတော်သန့်ရှင်ရန်အတွက် နှစ်ပေါင်း ၂၅၀၀ အတွင်း သင်္ဂါယနာကို ၆ ကြိမ် တင်၍........

ဆက်လက်ဖတ်ရှု့နိုင်သည်