လူသည် အာဟာရပြည့်ဝဖို့ အစားအသောက်ကို နေ့စဉ်စားရ၏ အသိဥာဏ် ပြည့်ဝဖို့ နေ့စဉ် စာဖတ်ရ၏ အားလုံးဟာ ပြည့်စုံတဲ့ အရာတစ်ခု မဟုတ်ရင်တောင်မှ အောင်မြင်ကြီးပွားလိုတဲ့ သူအတွက်တော့ အထောက်အကူပြုမှာ မလွဲပါဘူး. တကယ်စာဖတ်တဲ့သူဟာ အသိဥာဏ်ပြည့်ဝသွားမယ် စိတ်ဓာတ်ခွန်အား ရင့်ကျက်လာမယ် အချိန်က တန်ဖိုးရှိလို့ လောကဓံကို ရင်ဆိုင်နိုင်မယ့် စာတွေကိုပဲ ရွေးဖတ်သင့်ပါတယ် ခွန်အားရှိဖို့ အစားစားရမယ်ဆိုရင် အသိဥာဏ်ရှိဖို့ စာဖတ်ပါ

Sunday, 19 August 2012

ဆရာသ္မားများမိန့်သောကွက်လပ်များ

ငယ်စဉ်က စာဝါချရင်း ဆရာသမား နှုတ်တိုက်ချပေးခဲ့သော သြ၀ါဒလင်္ကာလေးကို အမှတ်ရမိသည်။ဘ၀မှာဆရာသမားများသည်အရေးပါသောအခန်းကဏ္ဍမှပါဝင်ကျေးဇူးပြုခဲ့သည်ဟုယုံကြည်မိသည်။ယထာဘူတံဉာဏာယသတ္ထာပရိယေသိတဗ္ဗောအမှန်တရားကိုသိဖို့အတွက်(၀ါ)ယဉ်ကျေးလိမ္မာသောသူတော်ကောင်းများဖြစ်ဖို့အတွက်ဆရာသမားကိုရှာမှီးဆည်းကပ်ရမည်ဟုဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။ဆရာမမှီး၊ဒို့ခရီးသည်၊မီးဆိုမှမီး-ဟု ဆိုရလောက်အောင် အမှန်တရားကို လမ်းညွှန်ပြသပေးမည့် ဆရာသမားကို မရှာမှီးဘဲ (၀ါ) ဆရာ ရှာရမည့်အရေးမှာ ဖင့်နှေးပျင်းရိကြလျက် ငါ့မြင်း ငါဆိုင်း၊ စစ်ကိုင်းရောက်ရောက်-ဆိုပြီး.........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်

သိမ်အကြောင်းကိုတစိပ်တဒေသ နားလည်အောင်သိထားသင့်သည်၊ သိမ်ဆိုသည်မှာ ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။.......

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်

စည်းမျဉ်း၊စည်းကမ်းတွေကိုပါဠိလိုဝိနယလို့ခေါ်ပါတယ်။ဝိနယကိုမြန်မာမှုပြုထားတာက၀ိနည်းတဲ့။စည်းမျဉ်းစည်းကမ်းတွေကိုတစ်စုတစ်ဝေးတည်းပေါင်းစုထားတာကိုတော့ဝိနယပိဋကလို့ခေါ်ပါတယ်။ခေတ်စကားနဲ့ပြောရရင်တော့ဥပဒေပေါင်းချုပ်ပေါ့။

(၀ိနယပိဋက)ဥပဒေပေါင်းချုပ်စာအုပ်ငါးအုပ်ရှိတယ်။ငါးအုပ်ထဲကမဟာဝါစာအုပ်ကိုပထမဆုံး လေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။မဟာဝါစာအုပ်မှာ အခန်း (Section) ၁၀ ခုရှိတယ်.........

ဆက်လက်ဖတ်ရှု့နိုင်ပါသည်

Friday, 3 August 2012

အချိန်ကိုအသုံးချတတ်ပါစေ

လူသားတို့သည်တစ်ဦးနှင့်တစ်ဦးဘ၀အဆင့်အတန်းချင်းမတူ။ပညာအဆင့်အတန်းချင်းမတူ၊အသိုင်းအ၀ိုင်းချင်းမတူ။သြဇာအာဏာချင်းမတူ။သို့တစေသဘာဝတရားကလူသားတိုင်းအားတူညီသောအခွင့်အရေးတစ်ခုကိုမူပေးထားပါ၏။ယင်းအခွင့်အရေးကား၊လူသားတိုင်းတစ်နေ့လျှင်၂၄နာရီဟူသောအချိန်ကိုညီတူညီမျှရရှိပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။တစ်ရက်လျင်၂၄နာရီထက်ပို၍မည်သူမျှမပိုင်ဆိုင်၊လျော့၍လည်းမပိုင်ဆိုင်။......

ဆက်လက်ဖတ်ရှုနိုင်ပါသည်

စိတ်ညစ်ရင်ရေချိုးပါ(၂)

ကျောင်းသားတစ်ယောက်ဟာစာမကျက်ခင်ရေချိုးထားရင်စိတ်ကောရုပ်ကောကြည်လင် နေတဲ့အတွက်စာကျက်လို့လည်းပိုကောင်းနေပါလိမ့်မယ်။ကိုယ်ကဓိသဘောလေးတွေအာရုံပြုပြီးကိုယ်တွင်းကိုယ်ပနှစ်ဌာနကိုသန့်ရှင်းနေအောင်မကြာခဏလုပ်ပေးနေရပါမယ်။စိတ်ချမ်းသာနေရင်တရားအလုပ်ပဲလုပ်လုပ်၊စီးပွားရေးပဲလုပ်လုပ်၊စာပဲကျက်ကျက် ၊ဘာပဲလုပ်လုပ်၊အဆင်ပြေနေပါလိမ့်မယ်။...........

ဆက်လက်ဖတ်ရှုနိုင်ပါသည်